< Isaiah 1 >

1 Ìran sí Juda àti Jerusalẹmu èyí tí Isaiah ọmọ Amosi rí ní àsìkò ìjọba Ussiah, Jotamu, Ahasi àti Hesekiah àwọn ọba Juda.
ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ် မင်း၊ ဟေဇကိမင်းတို့ လက်ထက်၌၊ အာမုတ်၏သား ဟေရှာယသည် ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်နှင့်ဆိုင် သော ဗျာဒိတ်တော်ကို ခံရသည်မှာ၊
2 Gbọ́ ẹ̀yin ọ̀run! Fi etí sílẹ̀, ìwọ ayé! Nítorí Olúwa ti sọ̀rọ̀: “Mo tọ́ àwọn ọmọ dàgbà, ṣùgbọ́n wọ́n ti ṣọ̀tẹ̀ sí mi.
ထာဝရဘုရား မိန့်တော်မူသည်ဖြစ်၍၊ အို ကောင်းကင်၊ ကြားလော့။ အိုမြေကြီး၊ နားထောင် လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည် ငါ့ကို ပုန်ကန်ကြပြီ။
3 Màlúù mọ olówó rẹ̀, kẹ́tẹ́kẹ́tẹ́ sì mọ ibùjẹ olówó rẹ̀, ṣùgbọ́n Israẹli kò mọ̀, òye kò yé àwọn ènìyàn mi.”
နွားသော်လည်း မိမိအရှင်ကိုသိ၏။ မြည်သော် လည်း မိမိသခင်၏ မြည်းဇောင်းကို သိ၏။ ဣသရေလ အမျိုးသားတို့မူကား၊ ငါ့ကိုမသိကြ။ ငါ၏လူမျိုးမူကား၊ မဆင်ခြင်တတ်ပါတကား။
4 Á à! Orílẹ̀-èdè ẹlẹ́ṣẹ̀, àwọn ènìyàn tí ẹ̀bi ẹ̀ṣẹ̀ ń pa lẹ́rù, ìran àwọn aṣebi, àwọn ọmọ tó ti di aṣèbàjẹ́! Wọn ti kọ Olúwa sílẹ̀ wọn ti gan Ẹni Mímọ́ Israẹli, wọn sì ti kẹ̀yìn sí i.
ဆိုးယုတ်သောအမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက် သော လူစု၊ မတရားသဖြင့်ပြုသောအနွှယ်၊ ဖောက်ပြန် သော သားသမီးပါတကား။ ထာဝရဘုရားကို စွန့်ကြပြီ။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို မရိုမသေ ပြု၍ ပယ်ကြပြီ။ ကျောခိုင်း၍ ခွားသွားကြပြီ။
5 Èéṣe tí a ó fi tún lù yín mọ́? Èéṣe tí ẹ ò dẹ́kun ọ̀tẹ̀ ṣíṣe? Gbogbo orí yín jẹ́ kìkì ọgbẹ́, gbogbo ọkàn yín sì ti pòruurù.
သူတို့ကိုအဘယ်သို့ ဒဏ်ပေးရဦးမည်နည်း။ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အားအလျှင်း မရှိ။
6 Láti àtẹ́lẹsẹ̀ yín dé àtàrí yín kò sí àlàáfíà rárá, àyàfi ọgbẹ́ òun ìfarapa àti ojú egbò, tí a kò nù kúrò tàbí kí á dì tàbí kí a kùn ún ní òróró.
ခြေဘဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာ ခြင်းမရှိ။ စုတ်ရှသောအနာ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသော အနာသက်သက်ရှိ၏။ ထိုအနာများကို မနှိပ် မနယ်ရ။ အဝတ်နှင့်မစည်းရ။ ဘယောင်းဆီးနှင့် မပြော့ စေရသေး။
7 Orílẹ̀-èdè yín dahoro, a dáná sun àwọn ìlú yín, oko yín ni àwọn àjèjì ti jẹ run lójú ara yín náà, ni gbogbo rẹ̀ ṣòfò bí èyí tí àwọn àjèjì borí rẹ̀.
သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ၏။ သင်တို့ မြို့များကို မီလောင်ပြီ။ သင်တို့မြေကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင်တို့မျက်မှောက်၌စားကြ၏။ ရန်သူဖျက်ပြီးသကဲ့သို့၊ လူဆိတ်ညံလျက်ရှိ၏။
8 Ọmọbìnrin Sioni ni a fi sílẹ̀ gẹ́gẹ́ bí àtíbàbà nínú ọgbà àjàrà, gẹ́gẹ́ bí abà nínú oko ẹ̀gúnsí, àti bí ìlú tí a dó tì.
ဇိအုန်သတို့သမီးသည်လည်း၊ စပျစ်ဥယျာဉ်ထဲ ၌ တဲကဲ့သို့၎င်း၊ သခွါးတောင်ယာ၌ လင့်စင်ကဲ့သို့၎င်း၊ ရန်သူဝိုင်းသောမြို့ကဲ့သို့၎င်း ကျန်ရစ်လေ၏။
9 Àyàfi bí Olúwa àwọn ọmọ-ogun bá ṣẹ́ díẹ̀ kù fún wà, a ò bá ti rí bí Sodomu, a ò bá sì ti dàbí Gomorra.
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့ ၌အနည်းငယ်မျှ ကြွင်းစေတော်မမူလျှင်၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။
10 Gbọ́ ọ̀rọ̀ Olúwa, ẹ̀yin aláṣẹ Sodomu, tẹ́tí sí òfin Ọlọ́run wa, ẹ̀yin ènìyàn Gomorra!
၁၀သောဒုံမြို့ကို အစိုးရသောမင်းတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို ကြားကြလော့။ ဂေါမောရမြို့သားတို့၊ ငါတို့ဘုရားသခင်၏ တရား တော်ကို နားထောင်ကြလော့။
11 “Ọ̀pọ̀lọpọ̀ ẹbọ yín kín ni ọ̀pọ̀lọpọ̀ ẹbọ yín jásí fún mi?” ni Olúwa wí. “Mo ti ní ànító àti àníṣẹ́kù ẹbọ sísun ti àgbò àti ọ̀rá ẹran àbọ́pa, Èmi kò ní inú dídùn nínú ẹ̀jẹ̀ akọ màlúù, ti àgùntàn àti ti òbúkọ.
၁၁ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ပူဇော်သော ယဇ်များကို ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့၏ ဆီဥနှင့် ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ် တို့၏အသွေးကို ငါမနှစ်သက်။
12 Nígbà tí ẹ wá farahàn níwájú mi, ta ni ó béèrè èyí lọ́wọ́ yín, gìrì gìrì ẹsẹ̀ nínú àgbàlá mi?
၁၂သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြ သောအခါ၊ ငါ့တန်တိုင်းတော်ကို ကျော်နင်းသောသင်တို့၌ ထိုသို့သော ဝတ်ကို အဘယ်သူတောင်းသနည်း။
13 Ẹ má mú ọrẹ asán wá mọ́! Ìríra ni tùràrí yín jásí fún mi, oṣù tuntun àti ọjọ́ ìsinmi àti àwọn àpéjọ, Èmi kò lè faradà á, ẹ̀ṣẹ̀ ni àpéjọ yín wọ̀nyí.
၁၃အချည်းနှီးသော ပူဇော်သက္ကကို နောက်တဖန် မဆောင်ခဲ့ကြနှင့်၊ သင်တို့မီးရှို့သောနံ့သာပေါင်းကို ငါရွံရှာ၏။ လေဆန်နေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေး သော နေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့်ရောနှော သော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။
14 Ayẹyẹ oṣù tuntun yín àti àjọ̀dún tí a yàn, ni ọkàn mi kórìíra. Wọ́n ti di àjàgà sí mi ní ọrùn, Ó sú mi láti fi ara dà wọ́n.
၁၄ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့်၊ သင်တို့ပွဲများကို မုန်း၏။ ငါ့ကိုနှောက်ရှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။
15 Nígbà tí ẹ bá tẹ́ ọwọ́ yín sókè ni àdúrà, Èmi yóò fi ojú mi pamọ́ fún un yín, kódà bí ẹ bá gba ọ̀pọ̀lọpọ̀ àdúrà, Èmi kò ni tẹ́tí sí i. “Ọwọ́ yín kún fún ẹ̀jẹ̀.
၁၅သင်တို့သည်လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကိုလွှဲမည်။ များစွာသော ပဌနာကို ပြုကြသောအခါ၊ ငါသည်နားမထောင်။ သင်တို့လက်တို့ သည် အသွေးနှင့် ပြည့်ကြ၏။
16 “Wẹ̀ kí ẹ sì jẹ́ kí ara yín mọ́. Ẹ mú ìwà ibi yín kúrò níwájú mi! Dáwọ́ àìṣedéédéé dúró,
၁၆ကိုယ်ကိုကိုယ်ဆေးကြောကြလော့။ ကိုယ်ကို ကိုယ်စင်ကြယ်စေကြလော့။ သင်တို့ ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။ မကောင်းသော အကျင့်ကို ဖြတ်ကြလော့။
17 kọ́ láti ṣe rere! Wá ìdájọ́ òtítọ́, tu àwọn tí a ń pọ́n lójú nínú. Ṣàtìlẹyìn fún ẹ̀tọ́ aláìní baba, gbà ẹjọ́ opó rò.
၁၇ကောင်းသောအကျင့်ကို ကျင့်အံ့သောငှါ သင်ကြလော့။ တရားသဖြင့် ပြုခြင်းငှါ ကြံကြလော့။ ကောင်းသောအရာကို ဖြောင့်စေကြလော့။ မိဘမရှိသော သူတို့အဘို့ တရားသဖြင့် စီရင်ကြလော့။ မှုဆိုးမတို့၏အမှု ကို စောင့်ကြလော့။
18 “Ẹ wá ní ìsinsin yìí, ẹ jẹ́ kí a jọ ṣàṣàrò,” ni Olúwa wí. “Bí ẹ̀ṣẹ̀ yín bá rí bí osùn, wọn ó sì funfun bí i yìnyín, bí wọn bá sì pọ́n bí ẹ̀jẹ̀, wọn ó sì dàbí ẹ̀gbọ̀n òwú.
၁၈ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ်မည်။ ကတ္တီ ပါနီနှင့်တမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
19 Tí ẹ̀yin bá fẹ́, tí ẹ sì gbọ́rọ̀, ẹ̀yin yóò sì jẹ ojúlówó adùn ilẹ̀ náà.
၁၉သင်တို့သည် ကြည်ညိုနားထောင်လျှင်၊ မြေအသီး အနှံကို စားရကြလိမ့်မည်။
20 Ṣùgbọ́n tí ẹ bá kọ̀ tí ẹ sì ṣọ̀tẹ̀, idà ni a ó fi pa yín run.” Nítorí ẹnu Olúwa la ti sọ ọ́.
၂၀သို့မဟုတ်လျှင်၊ ငြင်းဆန်ပုန်ကန်လျှင် ထား လက်နက်ဖြင့် ဆုံးရလိမ့်မည်ဟု၊ ထာဝရဘုရား၏ နှုတ် တော်ထွက်အမိန့်တော်ရှိ၏။
21 Wo bí ìlú òtítọ́ ṣe di àgbèrè! Ó ti kún fún ìdájọ́ òtítọ́ nígbà kan rí, òdodo ń gbé ibẹ̀ tẹ́lẹ̀ rí, ṣùgbọ́n báyìí àwọn apànìyàn!
၂၁သစ္စာရှိသောမြို့သည် အဘယ်သို့မျောက် မထားပြန်သနည်း။ အထက်က ဖြောင့်မတ်စွာ စီရင်ခြင်း နှင့်ပြည့်၏။ တရားသည် သူ၏အထဲမှာ နေရာကျ၏။ ယခုမူကား၊ လူအသက်ကို သတ်သောသူတို့သည် နေရာ ကျကြ၏။
22 Fàdákà rẹ ti di ìpẹ́pẹ́, ààyò wáìnì rẹ la ti bu omi là.
၂၂သင်၏ ငွေသည်လည်းချော် ဖြစ်လေပြီ။ သင်၏ စပျစ်ရည်သည် ရေနှင့်ရောလျက်ရှိ၏။
23 Ọlọ̀tẹ̀ ni àwọn aláṣẹ yín, akẹgbẹ́ àwọn olè, gbogbo wọn ló fẹ́ràn àbẹ̀tẹ́lẹ̀ wọ́n sì ń wá ẹ̀bùn kiri. Wọ́n kì í ṣàtìlẹyìn fún ẹ̀tọ́ aláìní baba, ẹjọ́ opó kì í sì í dé iwájú wọn.
၂၃သင်၏မင်းတို့သည် ပုန်ကန်ကြပြီ။ သူခိုး လက်ခံဖြစ်ကြပြီ။ ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကို အလိုရှိကြ၏။ တံစိုးကိုစားကြ၏။ မိဘမရှိသော သူတို့ အဘို့ တရားမစီရင်ကြ။ မုတ်ဆိုးမအမှုကို နားမထောင် ကြ။
24 Nítorí náà ni Olúwa, Olúwa àwọn ọmọ-ogun, alágbára kan ṣoṣo tí Israẹli sọ wí pé: “Á à! Èmi yóò ní ìfọ̀kànbalẹ̀ lórí àwọn ọ̀tá mi n ó sì gbẹ̀san lára àwọn ọ̀tá mi.
၂၄ထိုကြောင့်၊ ဣသရေလ အမျိုး၌ တန်ခိုးကြီး သောဘုရား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ အဲ၊ ငါ့တဘက်၌ နေသော သူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည်။ ကိုယ်အဘို့ကို စောင့်၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည်။
25 Èmi yóò pa ọwọ́ mi dà sí ọ, èmi ó sì ku ìpẹ́pẹ́ rẹ dànù, n ó sì mú gbogbo ìdọ̀tí rẹ kúrò.
၂၅သင့်ကိုလည်း ငါကိုင်ယူပြီးလျှင်၊ ချော်နှင့်ရှင်း ရှင်း ကင်းစင်စေ၍ သင်၏ကြေးဖြူရှိသမျှကိုလည်း ပယ်ရှားမည်။
26 Èmi yóò mú àwọn adájọ́ rẹ bọ̀ sí ipò gẹ́gẹ́ bí i ti àtijọ́, àti àwọn olùdámọ̀ràn rẹ̀ bí i ti ìbẹ̀rẹ̀ pẹ̀pẹ̀. Lẹ́yìn náà ni a ó pè ọ ní ìlú òdodo, ìlú òtítọ́.”
၂၆သင်၏ တရားသူကြီးတို့နှင့် တိုင်ပင်မှူးမတ် တို့ကို ရှေ့ဦးစွာခန့်ထားသည် နည်းတူ၊ တဖန်ငါခန့်ထား ဦးမည်။ ထိုနောက်မှ၊ သင်၏နာမကို တရားသောမြို့၊ သစ္စာစောင့်သောမြို့ဟု သမုတ်ကြလိမ့်မည်။
27 A ó fi ìdájọ́ òtítọ́ ra Sioni padà, àti àwọn tí ó ronúpìwàdà pẹ̀lú òdodo.
၂၇ဇိအုန်မြို့သည် တရားအားဖြင့်၎င်း၊ မြို့သူမြို့ သားတို့သည် ဖြောင့်မတ်သောအာဖြင့်၎င်း၊ ရွေးနှုတ်ခြင်း ကို ခံရကြလိမ့်မည်။
28 Ṣùgbọ́n àwọn ọlọ̀tẹ̀ àti àwọn ẹlẹ́ṣẹ̀ ni a ó parun. Àwọn tí ó bá sì kọ Olúwa sílẹ̀ ni yóò ṣègbé.
၂၈လွန်ကျူးသောသူနှင့် ပြစ်မှားသောသူတို့သည် ပျက်စီးခြင်းသို့ အတူရောက်၍၊ ထာဝရဘုရားကို စွန့်သော သူတို့သည် ဆုံးရှုံးကြလိမ့်မည်။
29 “Ojú yóò tì yín nítorí igi óákù mímọ́ èyí tí ẹ ní inú dídùn sí, a ó kàn yín lábùkù nítorí àwọn ọgbà yìí tí ẹ ti yàn fúnra yín.
၂၉သင်တို့သည် တပ်မက်ဘူးသော သပိတ်ပင်တို့ ကြောင့် ရှက်ကြလိမ့်မည်။ သင်တို့သည် ရွေးယူဘူးသော ဥယျာဉ်တို့ကြောင့် မျက်နှာပျက်ကြလိမ့်မည်။
30 Ẹ ó sì dàbí igi óákù tí ewé rẹ̀ ti rọ, bí ọgbà tí kò ní omi.
၃၀အကြောင်းမူကား၊ အရွက်နွမ်းသော သပိတ်ပင် ကဲ့သို့၎င်း၊ ရေမရှိသောဥယျာဉ်ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
31 Alágbára ọkùnrin náà yóò sì dàbí ohun ìdáná, iṣẹ́ rẹ̀ bí ẹ̀ṣẹ́-iná, àwọn méjèèjì ni yóò jóná papọ̀, láìsí ẹni tí yóò lè pa iná yìí.”
၃၁ခွန်အားကြီးသောသူသည် ပိုက်ဆန်လျှော်ဖြစ် လျက်၊ သူ၏အမှုသည် မီးပွားဖြစ်လျက်၊ ထိုနှစ်ပါးသည် အတူလောင်းကြလိမ့်မည်။ ထိုမီးကိုအဘယ်သူမျှ မသတ်ရ။

< Isaiah 1 >